ကျွန်တော့် blog သို့ ရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအား လှိုက်လှဲပျူငှာစွာ ကြိုဆိုပါတယ် . . . . .

Monday, November 12, 2012

ရှား၂ ပါး၂ ဆရာနဲ့ရိုက်မိလိုက်တဲ့ ဓါတ်ပုံ

        “ ပဉ္စဂုဏံ အဟံဝန္နာမိ ” ပါ ဆရာ ကျောင်းမှာဆရာ့ကို ပြစ်မှားခဲ့မိသမျှ ဒီနေရာကနေပဲ ၀န်ချတောင်းပန် လိုက်ပါတယ် ဆရာ လေးလဆိုတဲ့ အချိန်တိုတိုလေးမှာ ဆရာ သင်ပေးခဲ့သမျှကို ကျွန်တော် ကောင်းကောင်းမလိုက်နာမိတဲ့အတွက်လည်း ကျွန်တော် နောင်တရမိနေတယ် ဆရာ့ရဲ့ အတန်းချိန်တွေကို ခဏခဏပျက်ခဲ့တဲ့ ကျွန်တော်တို့ကို ဆရာ အပြစ်မမြင်ခဲ့တဲ့အတွက် ဆရာ့ကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်ဗျာ အဲ့ဒီအချိန်လေးတွေ အခု ကျွန်တော် ပြန်လိုချင်မိတယ် ဒါပေမဲ့လည်း အခြေနေနဲ့အချိန်ခါ အရ ကျွန်တော်တို့တတွေဟာ ဆရာ၊ ဆရာမတို့သင်ပေးလိုက်တဲ့ ပညာတွေနဲ့ပဲ ကိုယ့်လမ်းကို လျှောက်နေရပါပြီ . . . .။ ကျွန်တော် အခု သူငယ်ချင်းတွေကိုလည်း အရမ်းသတိရတယ် ဗျာ . . . .။

No comments:

Post a Comment